


ငါးပစ်ခြင်း
ငါးပစ်ဂိမ်း အမျိုးအစား ဘယ်နှမျိုးကစားနိုင်သလဲ?
ငါးပစ်ဂိမ်း အမျိုးအစား (၂)မျိုး ကစားနိုင်သည်
အခြားကစားသမားများနဲ့ အတူအွန်လိုင်းငါးပစ်ဂိမ်းကို ကစားနိုင်သည်
ငါးပစ်ခန်းအလိုက် အခြားအွန်လိုင်းကစားသူများ ရှိနေတတ်ပြီး တစ်ခါတစ်ရံ ကိုယ်ဝင်သွားသော ငါးပစ်ခန်းတွင် ကိုယ်တစ်ယောက်တည်း ရှိနေတာလဲ ဖြစ်နေတတ်သည်။
ကစားသမားတစ်ဦးတည်းကစားခြင်း၏ အာသာချက်မှာ ကိုယ်ပစ်သောငါးကိုလာရောက် လုပစ်မဲ့သူမရှိခြင်းဖြစ်ပြီး အားနည်းချက်မှာတော့ ငါးအကောင်ကြီးများကို ပစ်ရာတွင် အချိန်အများကြီး လိုအပ်ခြင်းပင်ဖြစ်သည်။ အခြားကစားသူများနှင့်အတူကစားပါက ကိုယ်ပစ်မှတ်ထားသော ငါးကိုတခြားကစားသူများက လာရောက် လုယူနိုင်သည်ကိုလဲ သတိထားရပါမည်။
ခုလိုအခန်းရွေးချယ် ကစားနိုင်ခြင်းကြောင့် ကစားသမားအနေဖြင့် မိမိသူငယ်ချင်း နှင့် အတူတကွ ကစားလို့ရပါသည်။ ကစားသူအနေဖြင့် အခြားအွန်လိုင်ကစားသူများ မရှိသောကစားခန်းကို အရင်ရွေးချယ်ဝင်ရောက်ရမည်ဖြစ်ပြီး ကစားခန်း၏လျှိုဝှက်နံပါတ်ကို တွေ့ရမှာဖြစ်ပါသည်။ အကယ်လို့ ကစားသူမှ မိမိသူငယ်ချင်းများနှင့် အတူကစားလိုပါက မိမိကစားနေသော အခန်းနံပါတ် နှင့် ကုတ်နံပါတ်ကို ပြောပေးလိုက်ရုံပင်ဖြစ်သည်။ ကစားသူ၏ သူငယ်ချင်းမှ အခန်းနံပါတ် နှင့် ကုတ်နံပါတ်ကို နှိပ်ထည့်လိုက်ရုံဖြင့် အတူငါးပစ်ဂိမ်းကို ကစားလို့ရပြီဖြစ်သည်။
ငါးပစ်ရန်ငါးပစ်သေနတ်ရွေးချယ်ခြင်း
ငါးပစ်သေနတ်ပေါ် click နှိပ်လိုက်ခြင်းဖြင့် သေနတ်အလဲအလှယ် ပြုလုပ်နိုင်ပါသည်။ ရွေးချယ်စရာ ငါးပစ်သေနတ် (၂) မျိုးရှိပါသည်။
Canon - Canon သေနတ်ဆိုသည်မှာ ကျည်ဆံတစ်လုံးချင်းထွက်ခြင်း၊ ပစ်ရလွယ်ကူခြင်း၊ ပစ်လိုသောအကြိမ်ကို ထိန်းချုပ်နိုင်ခြင်း၊ တစ်ကြိမ်ချင်းပစ်ကစားသော ကစားသူများအတွက် အထူးသင့်လျော်ခြင်း နှင့် ပစ်လိုသော ဦးတည်ချက်ကို ထိန်းချုပ်ရလွယ်ကူစေပါသည်။
လျှပ်စစ်သေနတ် - ကစားသူပစ်လိုသော ငါးကိုပစ်ရန် အထူးသင့်လျှော်ပါသည်။ ကစားသူမှ ပစ်လိုက်သောကျည်ဆံကို ပိတ်နေမည့် ငါးများရှိနေမည်ကို ပူစရာမလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် လျှပ်စစ်သေနတ်မှာ သင်ပစ်ထားသောငါးကို ငါးသေသွားသည့်အထိ (သို့) ငါးပျောက်ကွယ်သွားသည်အထိ ပစ်နေမှာဖြစ်သည်။
ငါးပစ်ဂိမ်းမှ ရရှိသောဆုကြေးများ တွက်ချက်နည်း
အထူသဖြင့် သင်ပစ်လိုက်လို့သေသွားသော ငါး၏အမျိုးအစားအလျှောက် ဆုငွေရရှိပါမည်။ သင်လောင်းထားသော လောင်းကြေးနှင့် သင်ပစ်နိုင်သော ငါး၏ကြေးကို မြောက်ရမည်ဖြစ်ပါသည်။
(တွက်နည်း။ ။ လောင်းကြေး x ငါးဆုကြေး) ငါးအမျိုးအစားအလျှောက်ဆုကြေးကွဲပြားခြားနားပါသည်။